Friday, April 23, 2010

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကော်မတီဝင် ၁၅ ဦးရွေးချယ်ပြီး မှတ်ပုံတင်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကော်မတီဝင် ၁၅ ဦးရွေးချယ်ပြီးနောက် မှတ်ပုံတင်ရန်အတွက် ယမန်နေ့က နေပြည်တော်သို့ ကော်မတီဝင်များ သွားရောက်ပြီးဖြစ်သည်။

ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကော်မတီဝင်တချို့က မှတ်ပုံတင်ရန်အတွက် နေပြည်တော်တက်သွားသည်။ အကယ်၍ စစ်အစိုးရမှ ထိုပါတီကို အတည်ပြုမည်ဆိုလျှင် ပါတီအနေနှင့် ပါတီခေါင်းဆောင်နှစ်ဦး ထပ်ရွေးမည်ဖြစ်ပြီး၊ ကော်မတီဝင်တချို့ ပယ်ဖျက်ခံရမည်ဆိုပါက နောက်ထပ်ကော်မတီဝင်များကိုလည်း ထပ်ဖြည့်မည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ကော်မတီဝင်တစ်ဦးက ပြောသည်။

ကော်မတီဝင် ၁၅ ဦးအနက် နိုင်ငွေသိန်း (နိုင်စနူမွန်)၊ နိုင်မာန်လှအောင်၊ နိုင်ဆိုက်၊ နိုင်ဗညားအောင်မိုး၊ ဒေါက်တာမင်းနွယ်စိုး၊ နိုင်လဝီအောင်၊ နိုင်ချစ်ဦး၊ နိုင်စန်းတင်၊ နိုင်သိန်းဟန်၊ နိုင်မျိုးတင့်လွန်၊ နိုင်စိုးသိန်း၊ နိုင်အောင်ဘ၊ နိုင်သိန်းအောင်၊ နိုင်သိန်းထွန်းနှင့် နိုင်သန်းရွှေတို့ပါဝင်သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့မှာ ဖွဲ့စည်းထားပြီး၊ ပါတီ၏ရည်ရွယ်ချက်အနေဖြင့် မွန်တမျိုးသားလုံးကိုယ်စာပြုပါတီ (သို့မဟုတ်) မွန်ဒေသအတွင်းရှိ တခြားတိုင်းရင်းသားကိုလည်း ကိုယ်စာပြုသွားမည်ဟု ထိုပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

“ကျနော်တို့က ဒေသအသီးသီးမှာရှိတဲ့ မွန်လူမျိုးတွေကို ကိုယ်စာပြုတယ်၊ မွန်ဒေသမှာရှိတဲ့ မွန်တွေကို ကိုယ်စာပြုတယ်၊ မွန်လူမျိုးအကြားမှာ ပါတီတခုရှိဖို့ ကျနော်တို့အနေနဲ့ ကြိုးစားနေတယ်၊ မွန်လူမျိုးရဲ့အခွင့်အရေး၊ မွန်နယ်မြေမှာ ရှိနေကြတဲ့ တခြားတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ဒီဥပဒေနဲ့ လုပ်ဆောင်ပေးသွားမယ်” ဟု ၄င်းက ပြောသည်။

ယခုလို မွန်တမျိုးသားလုံးကိုယ်စာပြုမည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအပေါ် မွန်ခေါင်းဆောင်များ၊ မွန်ပြည်သူများတို့က ကြိုဆိုထောက်ခံသူများရှိသလို ဆန့်ကျင်သူများလည်းရှိသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ထောက်ခံသည့် မွန်လူမျိုးများက မွန်လူမျိုးအကြားမှာ ကိုယ်စာပြုပါတီရှိရမည်နှင့် ဆန့်ကျင်သူများက ပါတီဖွဲ့ပြီး မွန်လူမျိုးအတွက် အခွင့်အရေးဘာမှမရနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံကို မထောက်ခံလိုကြောင်း ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မွန်အမျိုးသားဒီမိုကရေစီကိုယ်စာပြုက ၅ နေရာမဲအနိုင်ရသည်။ မွန်ပြည်သစ်ပါတီအနေနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို တစုံတရာပြောကြားခြင်းမရှိသေးပါ။

0 comments:

Post a Comment