Wednesday, March 17, 2010

နေရပ်စွန့်ခွာလာကြသူများ စားဝတ်နေရေးအခတ်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိ

Sat 13 Mar 2010, မင်းအဲ
မြန်မာနိုင်ငံတောင်ပိုင်း၊ ရေးဖြူမြို့နယ်အတွင်း အခြေချနေသည့် မြန်မာစစ်တပ်တို့၏ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေအတွင်းသို့ ထွက်ပြေးရောက်ရှိလာရာ လက်ရှိအခြေအနေအရ စားဝတ်နေရေးအခတ်အခဲဖြစ်နေကြောင်း သိရသည်။

ရေးဖြူမြို့နယ်အတွင်းရှိ ကျောက်ကဒင်၊ ကျောက်တလင်း၊ အလယ်စခန်း၊ ပေါက်ပင်ကွင်း၊ ကျောက်ထရံ၊ ဓနိတောအစရှိသည့်ကျေးရွာများအပါအဝင် ခေါ်ဇာမြို့နယ်ခွဲမှ ကျုံးကညာ၊ ရွှေဟသာင်္ရွာသစ်၊ မန်ကျည်းအစရှိသည့်ကျေးရွာများမှ ဒေသခံ (၂၀၀) ကျော် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင်အတွင်းသို့ ရောက်ရှိလာပြီး၊ ဆက်လက်လည်း ထွက်ပြေးရောက်ရှိလာနေဆဲ ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးရောက်ရှိလာသူများသည် လူကြီး၊ ကလေး၊ ကျောင်းနေရွယ်ကလေးများလည်း ပါဝင်ကြသည်။ ယခုလက်ရှိရောက်ရှိနေသည့်နေရာတွင် နေထိုင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း ထိုဒေသအတွင်းရှိ မွန်ဖွံ့ဖြိုးရေးအစီအစဉ်မှ သိရှိရသည်။

ရေးဖြူမြို့နယ်အခြေချ မြန်မာတပ်ရင်း ခလရ ၂၈၂ တို့မှ ကျေးရွာအတွင်း ဝင်ရောက်လှုပ်ရှားမှုပြုနေခြင်း၊ ဂတ်စ်ပိုက်လိုင်းလုံခြုံရေးအတွက်နှင့် ကျေးရွာပြည်သူ့စစ်ပြဿနာကြောင့် ဒေသခံရွာသားများ ကြောက်ရွံ့ကြပြီး ယခုလို ထွက်ပြေးရခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလာသူတစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့ရွာမှာ လုပ်အားပေးခဏခဏ လုပ်ပေးနေရတယ်၊ ဂတ်စ်ပိုက်လိုင်းကိုလည်း စောင့်ပေးရတယ်၊ မစောင့်နိုင်ရင် ငွေပေး၊ တချို့အိမ်ဆို ယောကျာ်းတွေမရှိဘူး မိန်းကလေးတွေကြီးပဲရှိတယ် ပေးဖို့လည်း ပိုက်ဆံမရှိဘူး အဲဒီတော့ ရှိတဲ့လူပဲ ကင်းစောင့်တာတို့ လုပ်အားပေးတွေကို သွားလုပ်ပေးနေရတယ်၊ တခါတလေမဟုတ်ဘူး အမြဲတမ်းဖြစ်နေတယ်ဆိုတော့ ဘယ်လိုမှ ဆက်နေလို့မဖြစ်တော့ဘူး ဒါတွေမကဘူး မသကာင်္တာတို့ မကျေနပ်တာရှိလာရင်လည်း ရိုက်နှိက်မှုတွေလည်းရှိလာတယ် အဲဒါကြောင့်မို့ ရွာသားတွေ စစ်တပ်တွေရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်လို့ ရွာကနေထွက်ခွာရတဲ့အထိ ဖြစ်လာတယ်” ဟု သူက ပြောသည်။

ထိုကဲ့သို့ ဒေသခံရွားသားများအပေါ် မြန်မာစစ်တပ်တို့မှ လုပ်အားပေးစေခိုင်းခြင်း၊ ငွေကြေးတောင်းခံခြင်းများသာမက တချို့ဒေသခံများက ထိုဒေသအတွင်း လှုပ်ရှားနေသည့် မွန်ခွဲထွက်ရေးအဖွဲ့တို့နှင့် ဆက်သွယ်နေကြောင်း စွပ်စွဲပြီး၊ ရိုက်နှိက်ခြင်း သတ်သေသည်အထိ ပြုလုပ်နေသည်လည်းရှိသည်။

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှလည်း ထိုဒေသအတွင်းအခြေချ မြန်မာစစ်တပ်တို့က လုပ်အားပေးစေခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းအစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ တနှစ်ထက်တနှစ် ပိုမို ဆိုးရွားလာကြောင်း သိရသည်။

“လူကြီး၊ ခလေးတွေအားလုံးက လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်၊ တချို့ဆို ခလေးကျောင်းနေတဲ့အရွယ်မှာ ရွာကနေထွက်ပြေးရတယ်၊ ကျောင်းမနေရတော့ဘူး ခလေးတွေ၊ အဲဒီခလေးတွေရဲ့ အနာဂတ်ပညာရေးတွေပါ ထိခိုက်လာတယ်၊ ပြောရရင်တော့ အဲဒီက ဒေသခံတွေဟာ ဗမာစစ်တပ်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကို အမျိုးမျိုးခံနေရတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုအခံရဆုံးဒေသလို့လည်း ပြောလို့ရတယ်” ဟု မွန်လူ့အခွင့်အရေးဖောင်ဒေရှင်းမှ တာဝန်ခံ နိုင်အဲမွန်က ပြောသည်။

ရေးဖြူမြို့နယ်အတွင်းရှိ မြန်မာစစ်တပ်တို့မှ အတင်းအဓမ္မစေခိုင်းခြင်းပြဿနာ၊ မြန်မာစစ်တပ်တို့၏ ငွေကြေးတောင်းခံခြင်းပြဿနာနှင့် ဒေသခံများရင်ဆိုင်ကြုံတွေ့နေရသည့် စားဝတ်နေရေးပြဿနာတို့ကြောင့် ဒေသခံများ ယခုလို နေရပ်စွန့်ခွာနေရသည်ဟု ၄င်းက ဆက်ပြောသည်။

0 comments:

Post a Comment