Sunday, April 4, 2010

သင်္ကြန်မတိုင်ခင် နေပြည်တော်ရှိ ဝန်းထမ်းများ လုပ်ငန်းအဆုံးသတ်နေကြ

ပနွတ်ကျား

နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ သင်္ကြန်မတိုင်ခင် ယခုရက်ပိုင်းအတွင်း မိမိနှင့်သက်ဆိုင်သည့် အလုပ်ကိစ္စများ အဆုံးသတ်ကြရန် လွန်ခဲ့သည့် သီတင်းတပတ်က အမိန့်ထုတ်ထားသည်။

သင်္ကြန်ရက် ရုံးပိတ်ရက်အတွင်း ဝန်းထမ်းများ ခရီးထွက်ခြင်း၊ နေရပ်သို့ အလည်အပတ်ပြန်ကြခြင်းကြောင့် ရုံးစီမံကိစ္စများ မနှောင့်နှေးစေရန် ယခုလို ကြိုတင် ကြေငြာထားခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ ဝန်ထန်းတစ်ဦးက ပြောသည်။

ထိုသို့ကြေငြာထားပြီးနောက် ရုံးဝန်းထမ်းများက သင်္ကြန်မတိုင်ခင် အလုပ်ကိစ္စများကို အပြီးသတ်လုပ်ဆောင်ရမည်ဖြစ်သည်။ မိမိနှင့်ပတ်သက်သော အလုပ်များအပြီးသတ်မလုပ်နိုင်ပါက သင်္ကြန်ရုံးပိတ်ရက်အတွင်း ပြန်ခွင့်ရရှိမည်မဟုတ်ဟု ဝန်းထမ်းများက ပြောသည်။

“ကျမတို့ ဒီနေ့ပဲ အလုပ်ကို အပြီးသတ်လုပ်လိုက်တယ်၊ သင်္ကြန်ဆိုရင် ဝန်းထမ်းတော်တော်များများက ပြန်ကြတယ်၊ နောက်တခုက ကျမတို့မှာ သုံးလတစ်ကြိမ်ပေါ့ စစ်ဆေးတယ်၊ သင်္ကြန်နဲ့လာတိုက်နေတယ်၊ အဲဒါကြောင့် အပြီးလုပ်ပေးနေရတယ်” ဟု အထက်ပါ ဝန်ထမ်းက ဆိုသည်။

ယခုလသည် စာရင်းစစ်ရုံးဝန်းထမ်းများ အလုပ်များသည့်လဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်လပိုင်ကနေ လေးလပိုင်ထိ စာရင်းတွေတင်ပြရတယ်ဆိုတော့ သင်္ကြန်ရက်နဲ့ဆုံပြန်တယ် အဲဒါကြောင့်မို့ စာရင်းစစ်တွေ ပိုအလုပ်ရှုပ်တယ်ဟု စာရင်းစစ်ဝန်ထမ်းတစ်ဦးက ပြောသည်။

နေပြည်တော်ရှိ အစိုးရဝန်ထမ်းများမှ အောက်ခြေဝန်ထမ်းတစ်ဦး၏လစာမှာ ၅၀၀၀၀ ကျော်ကျော်သာ ရရှိကြပြီး၊ ထိုလစာများထဲမှ စားဝတ်နေရေးအကုန်လုံး ပါဝင်နေသဖြင့် ဝန်ထမ်းများအတွက် မလောက်မငှဖြစ်နေကြသည်။ အိမ်ထောင်ရှိသူများအတွက် အခက်အခဲပိုမိုကြုံတွေ့နေရသည်ဟု အထက်ပါ စာရင်းစစ်က ပြောသည်။


အစိုးရဝန်းထမ်းများအတွက် ကြိုပို့ယာဉ် နေစရာအဆောင်များ စီစဉ်ပေးထားသော်လည်း ရရှိသည့်လစာဖြင့် အောက်ခြေဝန်းထမ်းများအတွက် ဘယ်လိုပင် မလောက်ငှနိုင်သလို မိသားစုဆီကိုလည်း ငွေမပို့ပေးနိုင်ကြောင်း ၄င်းက ပြောသည်။

0 comments:

Post a Comment